Using Meta Keywords in SEO

SEO အတွက် Keywords ထည့်တယ်ဆိုတဲ့ Meta Keywords

Website တစ်ခုကို SEO လုပ်တယ်ဆိုရင် တော်တော်များများက ကိုယ်လိုချင်တဲ့ Keywords ကို SEO အတွက် Website မှာ ထည့်ရတယ် ဆိုပြီး နားလည်ထားကြတယ်။ တစ်ချို့ က မေးကြပါသေးတယ် Keywords တွေကို ဘယ်လိုထည့်ရတာလဲ၊ Website ရဲ့ ဘယ်နေရာမှာ သွားထည့်ရတာလဲ၊ Meta Keywords ကို Minimum/Maximum ဘယ်လောက် ထည့်သင့်လဲပါ့……?

ကျတော်လို Web Developers တော်တော်များများကလည်း ပုံမှန်အားဖြင့် Meta Keyword tag မှာ SEO ကောင်းချင်တဲ့ Keywords တွေ ထည့်ရတယ်ဆိုပြီးပဲ သိထားကြတာပါ။



အောက်က Example Code ကတော့ Meta Keyword tag ပါ။ ကျတော်တို့ Web Developers တွေကတော့ ဒီ Code ကို ရင်းရင်းနှီးနှီး ဖြစ်နေမှာပါ။

<meta name=”keywords” content=”seo, seo service, search engine optimization, digital agency”>

seo, seo service, … အဲ့ဒီ Keywords တွေက ကိုယ် SEO ကောင်းချင်တဲ့ target keywords တွေကို ထည့်ပြီး လုပ်ဆောင်ကြတာပါ။

အရင်တုန်းကတော့ ဒီ Meta Keyword Tag ဟာ Website Ranking အတွက် အလုပ်လုပ်ပါတယ်။ ဒါမယ့် Sep – 2009 က စပြီး Google က Meta Keyword မှာ ထည့်တဲ့ Keywords တွေကို SEO အတွက် Priority မပေးတော့ပါဘူး။ ရှင်းရှင်းပြောရရင် Google က Meta Keyword ကို အလုပ်မလုပ်တော့ပါဘူး။

ဘာကြေင့် Google က Meta Keywords ကို SEO အတွက် အလုပ်မလုပ်လည်းဆိုတော့ အဖြေက ရှင်းပါတယ် – Website Owner (သို့) SEO Specialist တွေက Keywords များများနဲ့ SEO ကောင်းအောင် ကိုယ့် website နဲ့ Relevant မဖြစ်တဲ့ Keywords (သို့) Business Type မတူတဲ့ Keywords၊ Competitor Company Name တွေကို SEO အတွက် အတင်းထည့်လာကြလို့ Google က ခုလို လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။

Google ရဲ့ အဲ့လုပ်ဆောင်ချက် တစ်လ အကြာ Yahoo ကလည်း ထိုနည်းတူစွာ Oct – 2009 မှာပဲ Meta Keywords ကို SEO အတွက် အလုပ်မလုပ်တော့ပါဘူး။

Microsoft က ပိုင်တဲ့ Bing့ကတော့ 2014 မှသာ Meta Keywords အလုပ်မလုပ်တော့ဘူးဆိုပြီး “meta keyword tag is dead in terms of SEO value” Officially announced လုပ်လိုက်ပါတယ်။




တကယ် တော့ SEO လုပ်တယ်ဆိုတာ Website မှာ Keywords ထည့်ရတာမျိုးမဟုတ်တော့ပါဘူး၊ ကိုယ် SEO ကောင်းချင်တဲ့ Target Keywords တွေအတွက် Content ကောင်းကောင်းနဲ့ Web Pages တွေကို Optimization လုပ်ရတာပါ။

တော်တော်များများက Site မှာ SEO ကောင်းအောင်ဆိုပြီး Keywords တွေ မြောက်များစွာ ထည့်နေကြတုန်းပါပဲ။ တစ်ယောက်ယောက်က SEO အတွက် Keywords တွေ ထည့်တာက အဓိက ဆိုပြီး လုပ်ခိုင်းလို့ လိုက်လုပ်နေကြတာတွေလည်း ရှိပါတယ်။ SEO Process မှာ “Meta Keywords are dead” ဖြစ်နေပါပြီ။

ဒါကြောင့် SEO အတွက် Meta Keywords မှာ Keywords တွေထည့်တာက အရင်တုန်းကလိုအပ်ပေမယ့် အခုအချိန်မှာ အပိုပါပဲ၊ အလုပ်မလုပ်ပါဘူး။
အချိန်ကုန်ခံပြီးတော့ Site မှာ Meta Keywords တွေထည့်မယ့် အစာ တခြားသော Ranking Factors တွေကိုပဲ ပိုပြီး ဂရုစိုက်စေချင်ပါတယ်။




Similar Posts