Remove Bot Traffic from GA

Google Analytics မှာ Bot Traffic တွေကို Remove လုပ်ထားပါ

Remove Bot Traffic from GA

Google Analytics ကိုစသုံးခါစ Beginner တွေ အနေနဲ့ Bot Traffic ကို Prevent လုပ်ရမယ်ဆိုတာ သိမယ်မထင်ပါဘူး။ တော်တော်များများ Google Analytics (GA) ကို သုံးနေကြပေမယ့် Bot Traffic ကို Prevent လုပ်ထားသလား မလုပ်ထားသလားဆိုတာ တော်တော်များများ Check မလုပ်ကြပါဘူး။ ဒီအကြောင်းကို ဘာကြောင့်ရေးရသလဲဆိုတော့ တစ်ချို့ သော Website Owner တွေ၊ GA နဲ့ သတ်ဆိုင်တဲ့ သူတွေ Google Analytics သုံးနေပေမယ့် Traffic Bot ကို Accept လုပ်ထားတာမျိုးတွေ တွေ့ရလို့ပါ။

ဆိုတော့ အရင်ဆုံး GA နဲ့ ပတ်သတ်တဲ့ Bot Traffic အကြောင်းကို ကျတော်သိသလောက်ပြောပြပါမယ်။

Bot Traffic ဆိုတာကတော့ non-human traffic to a website ပါ၊ website ကို (Human) လူတွေက တကယ်ဝင်ကြည့်နေတာ မဟုတ်ပဲနဲ့ Software Application တွေကနေ Auto Task အနေနဲ့ Run နေတာပါ။

Bots မှာလည်း ကောင်းတဲ့ (Good Bots) တွေ ရှိသလို မကောင်းတဲ့ (Bad Bots) တွေလည်းရှိပါတယ်။ ဥပမာ- Googel Bots နဲ့ဆိုင်တဲ့ SEO Bots တို့ Webiste Monitoring bots တို့က website အတွက် အထောက်ကူပြုတဲ့ Bot တွေဖြစ်ပြီး၊ Spam တို့ DDoS ပုံစံ Site Attack bot တွေလည်း ရှိပါတယ်။ Bots တွေက Auto Task အနေနဲ့ အလုပ်လုပ်ဆောင်ကြတာပါ။

အဲ့လို Bot နဲ့ Auto Task တွေ Run နေတာတွေက Google Analytics မှာ Hit သွားလုပ်ပြီးတော့ Count အနေနဲ့ ဖော်ပြပါတယ်။ အဲ့လိုမျိုး auto task တွေ repeatedly run နေရင်တော့ ကိုယ့်ရဲ့ Google Analytics မှာ Data တွေက ဘယ်လိုမှ မမှန်နိုင်တော့ပါဘူး။



အဲ့ကြောင့် Google Analytics Data မှန်ကန်ဖို့ အတွက် Bot Traffics တွေကို Filter လုပ်ပြီး ဖယ်ရှားဖို့ လိုပါတယ်။

လုပ်တာကတော့ ဘာမှ မခက်ခဲပါဘူး ကိုယ့်သုံးနေတဲ့ Google Analytics ရဲ့ View Panel ကို ရွေးပြီး – View Setting ထဲဝင်လိုက်ပါ၊ အဲ့မှာ အောက်ကို နည်းနည်း Scroll ဆွဲကြည့်လိုက်ရင် “Bot Filtering” ဆိုတာတွေ့ပါလိမ့်မယ်၊ “Exclude all hits from known bots and spiders” ဆိုတဲ့ဟာကို Uncheck ဖြစ်နေရင် Check လုပ်ထားလိုက်ပါ။

တကယ်တော့ Google Analytics မှာ ဒါက Default အနေနဲ့ Check ပေးထားပြီးသားပါ။ စသုံးခါစ ဖြစ်တာတွေကြောင့် Click စမ်းနှိပ်ရင် Uncheck ဖြစ်တာတွေ ဖြစ်မယ်ထင်ပါတယ်။

တကယ်လို့ uncheck ထားပြီး Bot Traffic ကို ခွင့်ပြုထားရင် Google Analytics Data သည် 28.9% ထိ ကွာဟမှု့ရှိတယ်လို့တောင် Blog တစ်ခုမှာ ဖတ်ဖူးလိုက်ပါသေးတယ်။

အဲ့ကြောင့် Website Traffic Users ဘယ်လောက်ရှိလည်း ပဲကြည့်ပြီး မနေပါနဲ့ Analytics ရဲ့ Data မှန် မမှန် ကိုယ့်ရဲ့ Google Analytics View မှာကော Bot Filter ကို check လုပ်ထားသလားဆိုတာကိုလည်း စစ်ကြည့်ပါဦး။

Bot Traffic ကို Remove လုပ်မယ်ဆိုရင် အောက်ဖော်ပြပါအတိုင်း Bot Filtering ကို Check လုပ်ပေးထားပါ။

Similar Posts