Google does not support rel=prev/next

Site မှာ SEO အတွက် Rel=Prev နဲ့ Rel=Next ကို သုံးဖို့မလိုတော့ဘူး

Rel=prev/next markup ကို Google က 2011 ခုနှစ်မှာ introduced လုပ်ခဲ့တာပါ။ တစ်ချို့ Single Article Page တွေမှာ အောက်က “Previous” နဲ့ “Next” ဆိုပြီး Button တွေနဲ့ နောက်တစ်ခုကို ဆက်သွားဖို့ အတွက် လုပ်ဆောင်ပေးထားတာတွေ ရှိတတ်ပါတယ်။ အဲ့ဒီ Prev/Next pages တွေကို Page Order စီဖို့ အတွက် Google ကိုနားလည်အောင် Rel=prev/next markup သုံးကြတာပါ။



Pagination ရှိတဲ့ web pages တွေ အတွက် ဒီ Markup ကို သုံးပြီး Google ကို first, second, third page ဆိုပြီး Page number အလိုက် Order စီဖို့ Signals ပေးတဲ့ Function ဖြစ်ပါတယ်။ Rel=prev/next သုံးခြင်းက SEO အတွက် Support ဖြစ်ပြီး၊ တကယ်လို့ အဲ့ Markup မသုံးခဲ့ရင် Google မှာ ရှာတဲ့အခါ ကိုယ်ဖော်ပြချင်တဲ့ ၤFirst page အစား page 2, 3 or 4 က ဦးစွာ ဖော်ပြတာမျိုးတွေ ရှိတတ်ပါတယ်။
အောက်ပါ Example Code က တော့ rel=prev and rel=next tag ပါ;
<head>
<link rel=”prev” href=http://www.yourdomain.com/article/2/.. />
<link rel=”next” href=http://www.yourdomain.com/article/3/.. />
</head>

ဒါမယ့် အခုတော့ Google က Rel=prev/next ကို Support မလုပ်တော့ပါဘူး။ John Mu (Webmaster Trends Analyst at Google) က လည်း သူ့ရဲ့ Twitter မှာ –

“We don’t use link-rel-next/prev at all.”

ဆိုပြီး (22-3-2019) မှာ ရေးတင်ထားပါတယ်။

Users (Searchers) တွေက single-page content ကို ပိုပြီး နှက်သက်လာလို့ User အတွက် အကောင်းလုပ်ဆောင်တာ ဖြစ်ပြီး Page no: တွေကို လည်း Rel=prev/next မသုံးပဲ user behavior အတိုင်းလုပ်ဆာင်သွားမယ်လို့ ဆိုပါတယ်။

ဒါကြောင့် Site တွေအတွက် Rel=Prev နဲ့ Rel=Next ကျတော်တို့ သုံးဖို့မလိုတော့ပါဘူး။ Single Page Content ကိုသာ User အတွက် ပိုပြီး ဦးစားပေးလုပ်ဆောင်ဖို့ Google က Recommend လုပ်ထားပါတယ်။ အဲ့ကြောင့် Page body content တွေကိုပဲ SEO structured format (Hight Quality Content+ Technical) ဖြစ်အောင် ပိုပြီး အလေးထားဖို့ လိုအပ်ပါလိမ့်မယ်။

Similar Posts