Query Refinement in Google Search

SEO အတွက် Google Search မှာ Query Refinement ဆိုတာ

Query Refinement in Google Search

တစ်ခါ ပြောမှာတာကတော့ Search Query နဲ့ ပတ်သတ်တဲ့ Query Refinement ပါ။ ကျတော်တို့  SEO သမားတွေအနေနဲ့  Website အတွက် Keywords တွေကို စီမံခန့်ခွဲတဲ့ အခါ Query Refinement ကိုသိထားဖို့ လိုသလို၊ တစ်စုံတစ်ခုခုကို သိချင်တဲ့ အခါ Google မှာ ရှာလေ့ရှိတဲ့ Google User တွေ အတွက်လည်း Knowledge နေနဲ့ သိထားသင့်ပါတယ်။  

Query Refinement ဆိုသည်မှာ User တစ်ယောက်က Google မှာ သူသိချင်တဲ့ results အတွက် Keywords တစ်ခုခုနဲ့ ရိုက်ရှာလိုက်တယ် ဒါပေမယ့် ရိုက်ရှာလိုက်တဲ့ Keywords က သူလိုချင်တဲ့ Results တွေကို မတွေ့ပဲ Search Result က တခြားသူမလိုချင်တဲ့ ဟာတွေ ဖော်ပြနေတဲ့အခါ – အဲ့ သူရှာခဲ့တဲ့ Keywords ကို ပြန်ပြင်ပြီးတော့ ပုံစံတစ်မျိုးနဲ့  ထပ်ရှာတာကို ဆိုတာပါ။ 

ဥပမာ – SEO ကို စလေ့လာချင်တဲ့ သူတစ်ယောက်က Google မှာ “SEO” လို့ရိုက်ရှာလိုက်တယ် ဆိုပါစို့၊ အဲ့တော့ Google Search Result မှာ SEO service Companies တွေ၊ SEO service ကြော်ငြာတွေ၊ Google Ad နဲ့  Run ထားတဲ့ Digital Marketing သင်တန်းတွေ ဖော်ပြနေတော့ အဲ့ user က Keywords ကို နောက်ပုံစံတစ်ခု “SEO Guidelines” ဆိုပြီး နောက်မှာ “Guidelines” ထပ်ထည့်ပြီး ပြောင်းရှာတဲ့ သဘောပါ။ 



SEO သမားတွေပဲ ဖြစ်ဖြစ်၊ SEM(PPC) သမားတွေပဲ ဖြစ်ဖြစ် Query Refinement အတူသိထားရမှာ ကတော့ Search Query Types ပါ။  

ကျတော်တို့  Search Engine မှာ ရှာနေတဲ့ မတူညီတဲ့  Search Queries ပုံစံ (၃) မျိုး…. 

(1) Navigational Query – ဒီ query type ကတော့ သူ့ရဲ့ particular website ကို ရည်ရွယ်ပြီးတော့ ရှာတာပါ။ ဥပမာ – ရိုက်ရှာတာက “Youtube” ဆိုရင် www.youtube.com website ကို ဖွင့် ချင်လို့၊ “Facebook” လို့ ရိုက်ရှာရင်လည်း Facebook website ကို သွားချင်လို့။ အဲ့လိုမျိုး ရှာတဲ့ Keyword/Query က website ကို navigate လုပ်ဖို့ ရည်ရွယ်ချက်နဲ့ ရှာတာမျိုးပါ။ 

(2) Informational Query – ဒါကတော့ ထူးထူးခြားခြားပြောစရာလိုမယ် မထင်ပါဘူး။ သူ့ရဲ့ Search query က a word or a phrase query format ပါ။ အကြောင်းအရာ တစ်ခုခုနဲ့ ပတ်သတ်ပြီး Information ကိုသိချင်တဲ့ ရည်ရွယ်ချက်နဲ့ ရှာတာပါ။ ဥပမာ – “History of Myanmar” ဆိုပြီး ရှာတာမျိုးဆိုပါတော့။ 



(၃) Transactional Query –  “transactional queries have commercial intent” ပါ meaning က။ သူကတော့ Marketing သမားတွေ လိုချင်တဲ့ Keywords/Query ဆိုပါစို့ပေါ့နော်။ User တွေက ပစ္စည်း တစ်ခုခုကို ဝယ်ဖို့ ရည်ရွယ်ချက်နဲ့ ရှာတဲ့ Keywords ပါ။ ဥပမာ – “Computer table” အဲ့လိုမျိုးတွေပေါ့ Product တွေကို ရှာတာ။  

Query Refinement နဲ့ အတူ ဒီ Distinct Search Queries (၃) မျိုးကိုလည်း လက်ရှိ SEO လေ့လာနေတဲ့ သူတွေ အတွက် Content တွေ Keywords တွေအတွက် website မှာ သုံးမယ့် အခါ နားလည်ထားဖို့ လိုအပ်ပါတယ်။ Search Engine Marketing (SEM) အတွက်လည်း PPC Campaign တွေ Run တဲ့ အခါ ကိုယ်ရွေးတဲ့ Matching Types တွေပေါ် မှုတည်ပြီး Query Refinement ကို ထည့်စဉ်းစားဖို့လိုအပ်ပါတယ် (ဥပမာ – “Youtube” ဆိုရင် Navigational Query Type ဆိုပေမယ့် “YouTube Red” (Youtube Premium) ဆိုရင်ကော Transactional Query အနေနဲ့ သုံးလို့ရမလားဆိုတာတွေပေါ့) ။  မဟုတ်ရင်တော့ Google ကို ပိုက်ဆံအလှူပေးသလို ဖြစ်သွားပါလိမ့်မယ်။ 

ကျေးဇူးတင်ပါတယ် 

Similar Posts