New Version of Google Analytics – GA4

အခုတလော အရမ်း Hot ဖြစ်နေတဲ့ News ကတော့ Google Analytics ရဲ့ New Version – Google Analytics 4 ဖြစ်ပါတယ်။  GA4 က AI Power Insights ဆိုပြီးပြာထားပါတယ်။ Universal Analytics နဲ့ လုံး၀ မတူတေတာ့ပါဘူး၊ Structures တွေရော Tracking Processes တွေရော အကုန်လုံး Completely Different ဖြစ်သွားပါပြီ။ ကျတော်တို့ Universal Analytics မှာ မြင်နေကျ အမြဲတမ်းပြောဖြစ်ကြတဲ့ Pageviews တို့ Sessions တို့ ဆိုတာတွေ မရှိတော့ပါဘူး၊ အခု Google Analytics 4 က Event Types နဲ့ ဖော်ပြပါတော့မယ်။ တကယ်တော့ New Version GA4 က အရင် “web+app” property ရဲ့ Beta Version ပါ။ အခုမှ default version အနေနဲ့ ဖြစ်သွားတာပါ။

Mobile App Analytics လုပ်နေတဲ့ သူတွေအတွက်တေတာ့ သိပ်ထူးခြားမယ်လို့ မထင်မိပါဘူး ဘာကြောင့်လည်းဆို အခု New Version က Google Analytics For App ပုံစံပါပဲ။ Design နဲ့ Settings တွေရောပဲ Firebase Analytics သုံးရသလိုမျိုးပါ။ Google Analytics for Firebase (GA4F) နဲ့ ပုံစံတူပါပဲ။ Tracking Procesing တွေကလည်း App Tracking လိုမျိုး Event, Parameter key တွေနဲ့ အသုံးပြုရပါတော့မယ်။ တစ်ချို့သော events တွေ Attribution processes တွေတော့သူမှာ Default ပါရှိပါတယ်။

Installation Process ကလည်း Universal Analytics (UA) အရင်တုန်းကလို TrackingID မဟုတ်တေတာ့ပဲ Measurement ID နဲ့ GTM (Google Tag Manager) မှာ GA4 Configuration ကိုပဲ ရွေးပြီး Connect လုပ်ရပါတော့မယ်။ တကယ်တော့ GA4 Configuration က Tag Manager မှာ Beta အနေနဲ့ပဲ ရှိပါသေးတယ်။

တကယ်လို့ Installation Process ကို Google Tag Manager ကို မသုံးပဲ website မှာပဲ implement လုပ်မယ်ဆိုရင်တော့ gtag.js code ကို site မှာ သွားထည့်ရပါမယ်။ ဒါမယ့် GTM ကိုသုံးတာက ပိုကောင်းသလို Google ကလည်း Recommend လုပ်ထားတာပါ။
လက်ရှိ Google Analytics အသုံးပြုနေသူတွေ အနေနဲ့ Universal Analytics (UA) version ကနေ New Version GA4 ကို Upgrade လုပ်ပြီး သုံးချင်တယ်ဆိုရင်တော့ Google Analytics Account ရဲ့ Admin ကို သွားလိုက်ပါ၊ Property Column အောက်မှာ “Upgrade to GA4” ဆိုတာတွေပါလိမ့်မယ်။

အောက်ပါ Link မှာ GA4 ရဲ့ Documentation ကို လေ့လာနိုင်ပါတယ်:

Link: https://support.google.com/analytics/answer/10089681

ကျေးဇူးပါ။

Leave a Reply

Your email address will not be published. Required fields are marked *