Google Analytics နဲ့ Universal Analytics ဘာတွေကွာသလဲ

Web Analytics နဲ့ ပတ်သတ်ပြီး Digital သမားတွေ အနေနဲ့ Google Analytics နဲ့ Universal Analytics ကို Knowledge အနေနဲ့ သိဖို့လိုအပ်မယ်ထင်လို့ပါ။

မိမိ website မှာတော့ Google Analytics ကို Install လုပ်ထားတယ် ဒါမယ့် Universal Analytics ဆိုဒါနဲ့ကော ဘာတွေကွာလဲပေါ့။ Google Analytics အပြင် Universal Analytics အတွက် နောက်ထပ် Install လုပ်ရဦးမှာလား ဆိုပြီး အတွေးထဲမှာ မေးခွန်းလေးတွေ ရှိတတ်ကြမှာပါ။



တကယ်တော့ Universal Analytics ဆိုတာ Google Analytics ရဲ့ New Version တစ်ခုလို့ ဆိုနိုင်ပါတယ်။ Google က 2012 ခုနှစ်မှာ Classic Analytics Version ကနေ Universal Analytics ဆိုပြီး Google Analytics ကို new features, new tracking code format နဲ့ အတူ upgrade လုပ်ပြီး announced လုပ်ခဲ့တာပါ။

ဒါကြောင့် Google Analytics ကို Classic Analytics နဲ့ Universal Analytics ဆိုပြီး Operation Standard ၂ မျိုးဖြစ်နေတာပါ။ Classic Version မှာ မရတဲ့ အချို့ Features တွေကို Universal Version မှာ implement လုပ်လို့ ရတာတွေပါရှိပါတယ်။

Universal Analytics မှာ အဓိက main feature ကတော့ Cross-Device Tracking အတွက် User ID Implement လုပ်လို့ရတာပါ၊ (ဒီ feature ကို Google Classic Analytics မှာ မရပါဘူး)။



နောက် တစ်ခုက Google Analytics မှာ built-in ပါ ရှိတဲ့ Metric နဲ့ Dimensions သာ သုံးလို့ရပြီး Universal Analytics မှာတော့ ကိုယ်ပိုင် Custom Dimension နဲ့ Metric တွေ Create လုပ်လို့ရပါတယ်။ ဒါကလည်း Web Analysis report အတွက် အဓိက အားသာချက်တွေပါပဲ။ တခြားသော အရာတွေလည်း ပါရှိပါသေးတယ်။

အဲ့ကြောင့် Web Analysis အတွက် Universal Analytics က ပိုပြီး အားသာချက်တွေရှိပါတယ်။ အခုနောက်ပိုင်း Install လုပ်တဲ့ Google Analytics Code ကတော့ သက်သက် Universal Analytics ကို Upgrade လုပ်စရာ မလိုပေမယ့်၊ အရင် Old websites တွေ အနေနဲ့ Google Analytics ကို Install လုပ်ထားရာမှာ Universal Standard Format မဟုတ်ရင်တော့ အထက်က ဖော်ပြခဲ့သော Universal Features တွေကို သုံးခွင့် ရမှာ မဟုတ်ပါဘူး။

Thanks for reading

Similar Posts