ကိုယ့် Website ရဲ့ Loading Speed ကို စစ်ကြည့်လိုက်ပါ

ကိုယ်ရဲ့ Website တွေက Loading Speed Score ကောင်းကောင်းရှိရဲ့လားဆိုတာ သိထားဖို့ လိုအပ်မယ်ထင်ပါတယ်။

ပုံမှန် Internet Speed နဲ့ ပဲ တစ်ချို့ Website တွေကို ဝင်ကြည့်လိုက်တဲ့အခါ Site Loading time ကြာတာကြောင့် Website ပေါ်လာဖို့ ကျတော်တို့ သေးခံပြီး စောင့်ရတာတွေ ရှိပါတယ်။



တစ်ချို့သော websites တွေက Loading time အရမ်းကြာပြီးတော့ website visitor တွေ အတွက် စိတ်ညစ်စရာလည်း ဖြစ်စေပါတယ်။ Website က Fast Loading Time ရှိမှသာ Users တွေက Pages များစွားကို ဝင်ကြည့်ပြီး အချိန်ကြာကြာ ကိုယ့်ရဲ့ website ကို သုံးဖြစ်စေတာပါ။ Website က Slow Loading Time ဖြစ်နေရင် Site ရဲ့ Bounce Rate ကလည်း ဆိုးဝါးစွာ မြင့်တတ်စေပါတယ်။

2018 ရဲ့ Data အချက်အလက်တွေအရ Website Load time သည် 2 to 5 seconds အတွင်းပဲ ရှိသင့်တယ်လို့ဆိုပါတယ်။ ဒါတောင် တစ်ချို့သော Internet Users တွေက website သည် Load time – 3 seconds ထက်ကျော်လျှင် အဲ့ website ကို တကယ်မဝင်ကြည့်တော့ပဲ စွင့်ခွာသွားတယ်လို့ဆိုပါတယ်။



SEO အတွက် Page Loading Speed ကတော့ Main Ranking Factor မဟုတ်ပါဘူး။ ဒါမယ့် Page Quality အတွက် တကယ် ရှိနေဖို့ လိုအပ်ပါတယ်။ 2017 နောက်ပိုင်း Google က Technical SEO ကို ပိုပိုပြီး priority ထားလာတဲ့ အတွက် Site Loading Speed က SEO အတွက် အရေးကြီးလာတာပါ။

အောက်ပါ Link မှာ Google က ကိုယ့်ရဲ့ Web Page Loading Speed ကို ဘယ်လောက် Score နဲ့ သတ်မှတ် ထားတယ် ဆိုတာ Google Page Speed Insight မှာ စစ်ကြည့်နိုင်ပါတယ်။

https://developers.google.com/speed/pagespeed/insights/

(Mobile နဲ့ Desktop ၂ မျိုးစလုံးအတွက် စစ်ကြည့်နိုင်ပြီး ဘယ်အချက်တွေ ကြောင့် Site အတွက် Loading Speed များနေတယ် ၊ ဘာတွေ လုပ်ဆောင်ရမယ်ဆိုတာလည်း Google က Suggestion ပေးပြီး ဖော်ပြပါလိမ့်မယ်)

Similar Posts